Tuesday, June 16, 2015

နင်ကငါ့ဘဝ

နင်ထားခဲ့တဲ့အချိန်ကစပြီး
အခုချိန်ထိ ဆက်ချစ်နေမိတဲ့ငါ့ကို
နင်မို့လို့ အသစ်တွေ့နေပြီလားလို့ 
မေးရက်တယ်ချစ်သူရယ်...
နောက်တစ်ယောက်ဆိုတာ
စိတ်ကူးနဲ့တောင်မတွေးခဲ့ဖူးဘူး
ငါ့ဘဝမှာ နင့်ကိုချစ်ခဲ့ပြီဘဲ
နောက်တစ်ယောက်ဆိုတာ
ဘယ်လိုဖြစ်နိုင်မှာလဲ
အချစ်ဆိုတာ ဘဝမှာ
တစ်ခါပဲဖြစ်ပေါ်ရိုးအမှန်ဆိုရင်
ငါ့မှာ နင်ကလွဲပြီး
တခြားလူအတွက် 
နေရာမရှိတော့ဘူး
နင့်နေရာမှာလည်း ဘယ်လိုအရာနဲ့မှ
အစားမထိုးနိုင်ဘူးချစ်သူ...

Sunday, March 1, 2015

ရက်စက်သူအတွက်

တစ်နေ့နေ့ပြန်လာမလားလို့
ဒီနေရာဟောင်းမှာ ငါ
စောင့်နေခဲ့တာ...
ရက်တွေ လတွေ နှစ်တွေတောင်
အလီလီပြောင်းခဲ့ပေါ့ 
ရက်စက်တတ်တဲ့နင်ကတော့
ဘယ်ဆီရောက်နေမှန်းတောင်မသိခဲ့
တကယ်လို့သာ
မပေါင်းစပ်နိုင်တော့ဘူးဆိုရင်
နင်ပေးခဲ့တဲ့ တစ်ခဏတာတွက်
အမှတ်တရတွေက
ငါ့အတွက်တော့ ထာဝရအတွက်
သတိရမိတိုင်း
လွမ်းနေမယ်ချစ်သူ။။။။။

Monday, November 3, 2014

မပေါင်းစပ်နိုင်တဲ့ဘဝ

တစ်ချိန်ကအမှတ်တရတွေက
သတိရတဲ့နေ့တွေမှာဆို
အလွမ်းတွေကိုအင်အားတွေ
ဖြစ်စေခဲ့တယ်....။
တစ်နေ့နေ့တော့
ပြန်ဆုံမယ်ဆိုတာ 
တကယ့်လက်တွေ့ကျတော့
အိမ်မက်မျှသာ။

Wednesday, March 5, 2014

*စိတ်ကူး*

ကြည်နူးခဲ့ ရဖူတဲ့
အချစ်ဦးရေ.......
မသေချာ မရေရာတဲ့
အနာဂတ်မှာ
အသေအချာ စောင့် နေပါမယ်.....
မျှော်သာမျှော်နေတယ်
ပေါ်မလာတဲ့ မင်းကတော့ 
တစ်ချိန်က အတိတ်ကို
မေ့ လို့ ပေါ့
ကြေကွဲနေရတဲ့ ရက်တွေကို
မင်းနဲ့ အတူ မကျေပွဲ
နွဲလိုက်ချင်ပါရဲ့ ကွာ......။

*ရာသီလိုက်အလွမ်း*

မိုးရသီမှာ
ဇွန်ပန်းလေးလို
အပွင့် တွေဝေဖြာနေခဲ့ တယ်
ဆောင်းရာသီမှာ
သဇင်ပန်းလေးလို
ပင်မြင့် ထက်ကနေ
တစ်ချိန်ကကြည် နူးခဲ့ ရဖူးတယ်
သြော်.....နွေရောက်တော့ လည်း
နွေကြို ဥသြလေးလို
လွမ်းတေးဆိုခဲ့ ရပြီ
ချစ်သူရေ........။

*မမေ့နိုင်ခဲ့ဘူး*

လွမ်းတဲ့စိတ်ကိုမျိုသိပ်
အတိတ်ဆိုတာ
နှောင်ဖွဲ့မထားလည်း
သံယောဇဉ်ဆိုတဲ့ကြိုးက
ရစ်ပတ်နေခဲ့..........။
မကြာခဏ သတိရတတ်တော့
မေ့ချင်တိုင်းလည်း
မမေ့နိုင်ခဲ့ပါဘူး
အချစ်ဦးရယ် ။

*ချစ်ရသူအတွက်*

ကဗျာမဆန်ပေမယ့်
ရိုးရိုးလေးနဲ့လှတဲ့မင်းကို
ကာရံမမှီတဲ့
ငါ့နှလုံးသားက
ကဗျာဆန်အောင်ကို
ချစ်မိခဲ့ပြီ
ကောင်မလေးရေ..........။

ဘယ့်သူ့ကို
မချစ်ရဘူးလို့
အချစ်မှာကန့်သတ်ထားတဲ့
စည်းမျဉ်းတွေမှမရှိတာ
ချစ်တာကိုအပြစ်ဆိုရင်တော့
နှလုံးသားမရှိတဲ့မင်းကို
မြှားနက်မောင်က
ပြစ်ဒဏ်ခက်လိမ့်မယ်............။

*လှည့်ကြည့်ပေးပါ*

နင်ပျော်နေရင် ငါကျေနပ်ခဲ့တယ်
နင်စိတ်ညစ်ဟန်ဆောင်တဲ့အခါ
နင့်ဘေးကနေ ဖြေသိပ်စကားတွေ
ငါပြောပေးခဲ့တယ်...........။
မပြေလည်မှုတွေရှိလာတဲ့အခါ
ငါအမြဲအလျှော့ပေးခဲ့တယ်
မာယာတွေများပြီး
လက်တစ်လုံးကွာညာတတ်တဲ့
နင်ရဲ့စကားတွေကို
ငါဘာမှမသိသလို
ယုံပေးနေမိတယ်...........။
သဝန်တိုတတ်ပေမယ့်
နင်မျက်နှာများနေတာတွေ
ငါမသိဟန်ဆောင်ပေးခဲ့တယ်
လုပ်ချင်ရာလုပ် ပြောချင်တာပြော
ပြီးရင်တော့နောက်ကငါ့ကို
တစ်ချက်လောက်လှည့်ကြည်ပေးပါ
နင်မသိဟန်ဆောင်နေတဲ့
ငါ့ရဲ့ခံစားချက်တွေနဲ့
အသည်းကြွေမွနေပြီ
ချစ်သူ...........။

*အချစ်ကဗျာ*

သူ့ဆီက ကျလာတဲ့
အပြုံးတစ်ချက်က
ကိုယ့်ရင်ကိုစူးနစ်
သွားခဲ့..........။
သူနဲ့တွေ့ဆုံလိုက်တိုင်း
ကိုယ့်ရဲ့ရင်ခုန်သံတွေက
ဟန်ဆောင်မှုတွေ
ကင်းမဲ့ခဲ့ရ.......။
ငြိမ်သက်နေတဲ့ ရင်ခုန်သံတွေက
သူနဲ့တွေ့ဆုံလိုက်တိုင်း
အသက်ဝင်လာခဲ့..........။
တစ်နေ့တစ်ရက်နဲ့
မြင်ပါများတော့လည်း
သံယောဇဉ်တွေတွယ်
ရင်ထဲကလည်း ချစ်မိခဲ့..........။

*နင်သိနိုင်မလား*

ချစ်သူရေ
တကယ်တော့ ဟိုး...........
အဝေးက အတိတ်တွေက
နောက်မှာ မှုန်ဝါးဝါးနဲ့
ကျန်နေခဲ့ပြီပဲ........။
ပတ်သက်ခဲ့သမျှအရာ
အားလုံးဟာ အိပ်မက်တွေဆို
ငါမျက်နှာသစ်ပစ်လိုက်
ချင်ပါရဲ့............။
ဒါပေမယ့် နင်ပေးခဲ့တဲ့
ဒဏ်ရာတွေက အိပ်မက်တွေလို
ပျောက်ကွယ်မှ မသွားတာ
ငါ့နှလုံးသားကိုလည်း
မျက်နှာသစ်သလို
ဆေးကျောပစ်လို့မရဘူး
ချစ်သူရယ်..................။

Monday, January 13, 2014

နားလည်ပေးပါချစ်သူ

လွမ်းမောဖွယ် နေ့ရက်တွေက
တမ်းတခြင်းနေ့ရက်တွေကို
အင်အားဖြစ်စေခဲ့တယ်...။
ရူးလောက်အောင်ချစ်ခဲ့ပေမယ့်
ဝေးနေချိန်မှာတော့
အထီးကျန်ချိန်တွေကို ငါ
အရမ်းကြောက်တယ် ချစ်သူ...။
ပြန်မဆုံချင်နေပါစေ.
ရင်တုန်ရတဲ့ အဖြစ်တွေတော့
ငါမလိုလားဘူး........။

Friday, January 10, 2014

*မျှော်လင့်ချက်*

ရွက်ဟောင်းတွေကြွေလို့
ရွက်သစ်တွေလည်းဝေခဲ့ပြီ
နွေ၊မိုး၊ဆောင်းတွေလည်း
အလီလီပြောင်းခဲ့ပြီ...။
ဘယ်လိုအတားအဆီးတွေကြောင့်
နင်ပြန်ရောက်မလာသေးတာလဲ
ချစ်သူရယ်....။
ပျော်ရွှင်နိုင်မယ့်နေ့ရက်တွေအတွက်
ပြန်ဆုံရမယ့် နေ့ရက်တွေကို
မျှော်လင့်နေမိတာတော့
အမှန်ပါ ချစ်သူ.....။

*ခံစားချက်များ*


ဟိုး အဝေးမှာ
မှုန်ဝါးဝါးနဲ့ ကျန်နေခဲ့တဲ့
အတိတ်တွေကိုလည်း
ငါပြန်မလှချင်တော့ပါဘူး
မနက်ဖြန်ပေါင်းများစွာနဲ့
မပြီးဆုံးသေးတဲ့အနာဂတ်မှာ
နင်မပါတဲ့ နေ့ရက်တွေနဲ့ ငါ
အလွမ်းအဆွေးတွေကို
ဘယ်လိုအင်အားမျိုးနဲ့
ရင်ဆိုင်နေရမှာလဲချစ်သူရယ်............။
_________________________________________________
=====================================

ဒီဇင်ဘာ ဆောင်းညရဲ့
နှင်းစက်တွေကြားမှာ
အလွမ်း မျက်ရည်တွေလည်း
ဝေခဲ့ပြီးပြီ..........။
မဟောင်းသေးတဲ့ ဒဏ်ရာ
တွေနဲ့ မပြီးဆုံးသေးတဲ့
အနာဂတ်မှာ မျှော်လင့်ချက်တွေနဲ့
အသက်ရှင်နေမယ်..
ပြန်မဆုံသရွေ့ပေါ့.........။





*တစ်နေ့နေ့တော့*

မလွမ်းတော့ဘူးဆိုကာမှ
   ဆွေးနေမိပြန်တယ်
သတိမရတော့ဘူးဆိုကာမှ
  တမ်းတနေမိပြန်တယ်
ဒီလို အထီးကျန်နေ့တွေထဲက
ရုန်းထွက်ဖို့ဆိုတာ
ငါ့မှာ အင်အားမှမရှိတာ
ချစ်သူရယ်...........။
ရက်တွေ၊လတွေ၊နှစ်တွေတောင်
ကြာသွားခဲ့ပေမယ့်
ငါ့ရဲ့အတွေးစိတ်ကူးတွေထဲမှာ
မနေ့တစ်နေ့ကလို ထင်နေဆဲပဲ
ဒီလောက်ပြောင်းလဲနေတဲ့ခေတ်မှာ
မပြောင်းလဲတာ ငါ့နှလုံးသားဆိုတာ
တစ်နေ့နေ့တော့
မင်းသိလာမှာပေါ့
           ချစ်သူရယ်။။

*နင်မသိနိုင်တဲ့*

အလွမ်း အဆွေးတွေနဲ့
တမ်းတခြင်းနေ့ရက်တွေက
ရက်စက်ခြင်းတွေအောက်မှာ
အသက်မပါတဲ့ မျှော်လင့်ချက်တွေနဲ့
စိမ်းကားသွားတဲ့ ချစ်သူကို
ခွင့်လွှတ်နေဆဲ.....။
မသေချာသေးတဲ့ အနာဂတ်ကို
စိတ်ကူးယဉ်အိမ်မက်တွေနဲ့
ပုံဖော်နေဆဲ........။
အရင်ကဆို မင်းရဲ့ရယ်သံတွေနဲ့
စိုပြေနေတဲ့ကျောင်းတော်ကြီးက
အခုထိ တိတ်ဆိတ်နေဆဲ...
မင်းမပါဘဲ ကျော်ဖြတ်ခဲ့ရတဲ့
နေ့ရက်တွေက နူးညံတဲ့
နှလုံးသားတစ်စုံကို
ကြွေလုပါပြီ..........
ချစ်သူရယ်............။

*မင်းနားလည်ပါစေ*

မင်းမရှိတဲ့ ကျောင်းတော်ကြီးမှာ
မင်းမသိတဲ့အလွမ်းတွေနဲ့ငါ
လွမ်းမောဖွယ် အထီးကျန်နေ့တွေကို
တမ်းတခြင်းတွေနဲ့ကုန်ဆုံးစေခဲ့တယ်
မရေရာတဲ့ ပြန်လာမယ့်အချိန်ကို
စိတ်ကူးယဉ် အိမ်မက်တွေနဲ့
မျှော်လင့်နေဆဲ
ပြန်ဆုံရမယ့် နေ့ရက်ဆိုတာ
ဝေးကွာခြင်းရဲ့ရိုက်ခက်မှုတွေ
အောက်မျာ ခါးသက်သက်
ဝေဒနာတွေနဲ့ ပျက်ပြယ်ရတော့
မှာလား ချစ်သူရယ်......။

*ဝေးကွာနေချိန်*

ပျော်ရွှင်ခဲ့တဲ့ အချိန်တွေက
အခုချိန်မှာ မှိုင်ကာ
ငိုရတော့မှာလား?
မဟောင်းသေးတဲ့အတိတ်တွေ
အတွက် မပြောင်းသေးတဲ့
အချစ်တွေနဲ့ ရင်ခွင်က
နွေးထွေးဆဲ....။
အတူရှိခဲ့ ဖူးတဲ့အချိန်တွေအတွက်
ဝေးကွာနေချိန်မှာ
အဆုံးမရှိတဲ့ အလွမ်းတွေနဲ့
ချစ်ခဲ့ဖူးတဲ့ မင်းတစ်ယောက်အတွက်
ပြန်လာမယ်ဆို အလွမ်းပန်းတွေနဲ့
 စောင့်မျှော်နေပါ့မယ်
        ချစ်သူရယ်..........။

စဉ်းစားပါချစ်သူ

လေရူးတွေတိုက်လို့ နွေဦးကိုလည်း
ရောက်ခဲ့ပြီ ချစ်သူရယ်. . . .

ကံကြမ္မာအလှည့်အပြောင်း
အောက်မှာဝေးခဲ့ကြတဲ့
တို့နှစ်ယောက်အတွက်
ဆုံမှတ်ဆိုတာဘယ်မှာလဲ..........
ပြန်ဆုံဖို့ ဆိုတာကို
မျှော်လင့်ရင်း ဝေးကွာနေတဲ့
နေ့ရက်တွေအတွက်
ပျော်ရွှင်ရမယ့် အချိန်ဆိုတာ 
ကံကြမ္မာကို ပဲ ရိုးမယ်ဖွဲ့ရတော့မှာလား?

Saturday, December 14, 2013

**စွန်းထင်နေဆဲ**

မင်းပြောခဲ့တဲ့                     
စကားတစ်ခွန်းက
ငါရင်ထဲမှာအခုထိ
ဆူးနင့်နေဆဲပါ
ချစ်သူ..........
မေ့ပစ်လိုက်ချင်ပေမယ့်
မမေ့နိုင်ခဲ့ပါဘူး..........။
မင်းကစကားတစ်ခွန်းကို
လွယ်လွယ်နဲ့ပြောတတ်ပေမယ့်
မင်းပြောခဲ့တဲ့စကားတွေကိုပဲ
ငါအကြွင်းမဲ့ ယုံကြည်နေမယ်.......။

*မူးမေ့အောင်ချစ်ခဲ့တယ်*

ဆောင်းနှင်းမြူတွေကြားမှာ
ချစ်ခဲ့ကြတဲ့တို့နှစ်ယောက်
နှင်းမှုန်နှင်းစက်တွေကြားမှာ
ချမ်းရမှာကိုတောင် မေ့နေခဲ့တယ်။
ခဏတာဝေးခဲ့ရတယ်ဆိုတာ
ငါ့အတွက်တော့
တစ်ကမ္ဘာလောက်များလား
ချစ်သူရယ်............။
မင်းပေးခဲ့ဖူးတဲ့အနမ်းတွေက
အရားအားလုံးထက်နူးညံ့ခဲ့တယ်
မင်းပြောခဲ့တဲ့ စကားသံတွေက
အရာအားလုံးထက်ချိုမြိန်တယ်
ဒါတွေဟာအခုတော့လည်း
အိပ်မက်တွေလိုအရာအားလုံးဟာ
ပျောက်ကွယ်စပြုပြီ.........
ချစ်သူ..............။

**မျှော်လင့်ခြင်း**

ဝေးရမှာကိုသိရက်သားနဲ့
ရူးမိုက်စွားချစ်ခဲ့တဲ့ငါ့ကို
တစ်ချက်လောက်တော့
လှည့်ကြည့်ပေးပါချစ်သူ...........။
မင်းထားခဲ့တဲ့နေရာဟောင်းမှာ
မင်းပြန်အလာကိုစောင့်ရင်းနဲ့
အသက်ဆက်ရှင်သန်နေမယ်ဆိုတာ
နားလည်ပေးပါချစ်သူ........။
ကံကြမ္မာအလှည့်အပြောင်းအောက်မှာ
ဝေးခဲ့ကြပေမယ့်
ကံကြမ္မာမျက်နှာသာပေးတဲ့
တစ်နေ့ကျရင်တို့နှစ်ယောက်
ပြန်ဆုံကြမယ်ချစ်သူ.......။
အနေတွေဝေးနေလို့
သွေးအေးသွားမယ်တော့မထင်လိုက်ပါနဲ့
ငါ့နှလုံးသားက မင်းအတွက်ဆို
အမြဲတမ်းနွေးထွေးဆဲပါ
ချစ်သူ...........။