Wednesday, March 5, 2014

*လှည့်ကြည့်ပေးပါ*

နင်ပျော်နေရင် ငါကျေနပ်ခဲ့တယ်
နင်စိတ်ညစ်ဟန်ဆောင်တဲ့အခါ
နင့်ဘေးကနေ ဖြေသိပ်စကားတွေ
ငါပြောပေးခဲ့တယ်...........။
မပြေလည်မှုတွေရှိလာတဲ့အခါ
ငါအမြဲအလျှော့ပေးခဲ့တယ်
မာယာတွေများပြီး
လက်တစ်လုံးကွာညာတတ်တဲ့
နင်ရဲ့စကားတွေကို
ငါဘာမှမသိသလို
ယုံပေးနေမိတယ်...........။
သဝန်တိုတတ်ပေမယ့်
နင်မျက်နှာများနေတာတွေ
ငါမသိဟန်ဆောင်ပေးခဲ့တယ်
လုပ်ချင်ရာလုပ် ပြောချင်တာပြော
ပြီးရင်တော့နောက်ကငါ့ကို
တစ်ချက်လောက်လှည့်ကြည်ပေးပါ
နင်မသိဟန်ဆောင်နေတဲ့
ငါ့ရဲ့ခံစားချက်တွေနဲ့
အသည်းကြွေမွနေပြီ
ချစ်သူ...........။

No comments:

Post a Comment