Saturday, December 14, 2013

**မျှော်လင့်ခြင်း**

ဝေးရမှာကိုသိရက်သားနဲ့
ရူးမိုက်စွားချစ်ခဲ့တဲ့ငါ့ကို
တစ်ချက်လောက်တော့
လှည့်ကြည့်ပေးပါချစ်သူ...........။
မင်းထားခဲ့တဲ့နေရာဟောင်းမှာ
မင်းပြန်အလာကိုစောင့်ရင်းနဲ့
အသက်ဆက်ရှင်သန်နေမယ်ဆိုတာ
နားလည်ပေးပါချစ်သူ........။
ကံကြမ္မာအလှည့်အပြောင်းအောက်မှာ
ဝေးခဲ့ကြပေမယ့်
ကံကြမ္မာမျက်နှာသာပေးတဲ့
တစ်နေ့ကျရင်တို့နှစ်ယောက်
ပြန်ဆုံကြမယ်ချစ်သူ.......။
အနေတွေဝေးနေလို့
သွေးအေးသွားမယ်တော့မထင်လိုက်ပါနဲ့
ငါ့နှလုံးသားက မင်းအတွက်ဆို
အမြဲတမ်းနွေးထွေးဆဲပါ
ချစ်သူ...........။

No comments:

Post a Comment