Saturday, December 14, 2013

**စွန်းထင်နေဆဲ**

မင်းပြောခဲ့တဲ့                     
စကားတစ်ခွန်းက
ငါရင်ထဲမှာအခုထိ
ဆူးနင့်နေဆဲပါ
ချစ်သူ..........
မေ့ပစ်လိုက်ချင်ပေမယ့်
မမေ့နိုင်ခဲ့ပါဘူး..........။
မင်းကစကားတစ်ခွန်းကို
လွယ်လွယ်နဲ့ပြောတတ်ပေမယ့်
မင်းပြောခဲ့တဲ့စကားတွေကိုပဲ
ငါအကြွင်းမဲ့ ယုံကြည်နေမယ်.......။

*မူးမေ့အောင်ချစ်ခဲ့တယ်*

ဆောင်းနှင်းမြူတွေကြားမှာ
ချစ်ခဲ့ကြတဲ့တို့နှစ်ယောက်
နှင်းမှုန်နှင်းစက်တွေကြားမှာ
ချမ်းရမှာကိုတောင် မေ့နေခဲ့တယ်။
ခဏတာဝေးခဲ့ရတယ်ဆိုတာ
ငါ့အတွက်တော့
တစ်ကမ္ဘာလောက်များလား
ချစ်သူရယ်............။
မင်းပေးခဲ့ဖူးတဲ့အနမ်းတွေက
အရားအားလုံးထက်နူးညံ့ခဲ့တယ်
မင်းပြောခဲ့တဲ့ စကားသံတွေက
အရာအားလုံးထက်ချိုမြိန်တယ်
ဒါတွေဟာအခုတော့လည်း
အိပ်မက်တွေလိုအရာအားလုံးဟာ
ပျောက်ကွယ်စပြုပြီ.........
ချစ်သူ..............။

**မျှော်လင့်ခြင်း**

ဝေးရမှာကိုသိရက်သားနဲ့
ရူးမိုက်စွားချစ်ခဲ့တဲ့ငါ့ကို
တစ်ချက်လောက်တော့
လှည့်ကြည့်ပေးပါချစ်သူ...........။
မင်းထားခဲ့တဲ့နေရာဟောင်းမှာ
မင်းပြန်အလာကိုစောင့်ရင်းနဲ့
အသက်ဆက်ရှင်သန်နေမယ်ဆိုတာ
နားလည်ပေးပါချစ်သူ........။
ကံကြမ္မာအလှည့်အပြောင်းအောက်မှာ
ဝေးခဲ့ကြပေမယ့်
ကံကြမ္မာမျက်နှာသာပေးတဲ့
တစ်နေ့ကျရင်တို့နှစ်ယောက်
ပြန်ဆုံကြမယ်ချစ်သူ.......။
အနေတွေဝေးနေလို့
သွေးအေးသွားမယ်တော့မထင်လိုက်ပါနဲ့
ငါ့နှလုံးသားက မင်းအတွက်ဆို
အမြဲတမ်းနွေးထွေးဆဲပါ
ချစ်သူ...........။

Monday, December 2, 2013

***စဉ်းစားပါချစ်သူ***

ပစ်ညက်ထားတဲ့စည်းမျဉ်းတွေ
ကြားမှာ ငါတို့နှစ်ယောက်က
ကံကြမ္မာ ကြီးရဲ့
ကြိုးဆွဲရာကို ကရမယ့်
လူနှစ်ယောက်လားချစ်သူ..
အခြေနေနဲ့ အချိန်ခါဆိုတဲ့
ကံကြမ္မာကြီး ရဲ့
လှည့်ကွက်အောက်မှာ
ငါတို့နှစ်ယောက်က
အပြီးသတ်ဝေးရတော့မှာလား
ချစ်သူ...................။