Saturday, December 14, 2013

*မူးမေ့အောင်ချစ်ခဲ့တယ်*

ဆောင်းနှင်းမြူတွေကြားမှာ
ချစ်ခဲ့ကြတဲ့တို့နှစ်ယောက်
နှင်းမှုန်နှင်းစက်တွေကြားမှာ
ချမ်းရမှာကိုတောင် မေ့နေခဲ့တယ်။
ခဏတာဝေးခဲ့ရတယ်ဆိုတာ
ငါ့အတွက်တော့
တစ်ကမ္ဘာလောက်များလား
ချစ်သူရယ်............။
မင်းပေးခဲ့ဖူးတဲ့အနမ်းတွေက
အရားအားလုံးထက်နူးညံ့ခဲ့တယ်
မင်းပြောခဲ့တဲ့ စကားသံတွေက
အရာအားလုံးထက်ချိုမြိန်တယ်
ဒါတွေဟာအခုတော့လည်း
အိပ်မက်တွေလိုအရာအားလုံးဟာ
ပျောက်ကွယ်စပြုပြီ.........
ချစ်သူ..............။

No comments:

Post a Comment