Friday, January 10, 2014

*မင်းနားလည်ပါစေ*

မင်းမရှိတဲ့ ကျောင်းတော်ကြီးမှာ
မင်းမသိတဲ့အလွမ်းတွေနဲ့ငါ
လွမ်းမောဖွယ် အထီးကျန်နေ့တွေကို
တမ်းတခြင်းတွေနဲ့ကုန်ဆုံးစေခဲ့တယ်
မရေရာတဲ့ ပြန်လာမယ့်အချိန်ကို
စိတ်ကူးယဉ် အိမ်မက်တွေနဲ့
မျှော်လင့်နေဆဲ
ပြန်ဆုံရမယ့် နေ့ရက်ဆိုတာ
ဝေးကွာခြင်းရဲ့ရိုက်ခက်မှုတွေ
အောက်မျာ ခါးသက်သက်
ဝေဒနာတွေနဲ့ ပျက်ပြယ်ရတော့
မှာလား ချစ်သူရယ်......။

No comments:

Post a Comment